Between Online Time Attendance System and Time Attendance Machine Which one is better? စက်ဗွေစက် နဲ့ အွန်လိုင်းအချိန်မှတ်တမ်းတင်စနစ်ကြား ဘယ်ဟာပိုကောင်းလဲ ?

လက်ဗွေစက်ဟာ ဝန်ထမ်းတိုင်းသိတဲ့ လုပ်ငန်းခွင်သုံးပစ္စည်းလို့ သတ်မှတ်ခံထားရပြီး အလုပ်မစမီ နေ့စဥ် အချိန်တိုင်း နာရီကြည့်ပြီး အလုပ်ဝင်ကြရတယ်။ ဒါပေမယ့် အခု 2023 မှာ အွန်လိုင်းအချိန်မှတ်တမ်းတင်စနစ် (Online Time Attendance System) ကို စတင်အသုံးပြုနေကြပြီဖြစ်တဲ့အတွက် အရင်ကထက် ပိုအဆင်ပြေလာကြပါပြီ။
အဖွဲ့အစည်းများဟာ ဝန်ထမ်းတွေကို လုပ်ငန်းခွင်မှာ လိုက်လျောညီထွေဖြစ်စေဖို့ စတင်လုပ်ဆောင် လာကြပါတယ်။ ယခင်ကထက် ပိုမိုစနစ်ကျတဲ့ အွန်လိုင်းအချိန်မှတ်တမ်းတင်စနစ် (Online Time Attendance System)လည်း ရှိလာပါပြီ။ ၎င်း system ဟာ သင်ဘယ်နေရာမှာပဲရှိနေပါစေ အလွယ်တကူ ရုံးတက်၊ရုံးဆင်း လုပ်နိုင်တဲ့အတွက် HR ဌာနရဲ့အလုပ်တွေမှာ ကြီးမားတဲ့အကူအညီတစ်ခု ဖြစ်လာပါတယ်။ သင့်အလုပ်ချိန်ကို လည်း ထည့်သွင်းနိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုလုပ်ဆောင်ရမည်ကို လူတိုင်းကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
အလုပ်ချိန်ကိုထည့်သွင်းလို့ရတဲ့ လက်ဗွေစက် နဲ့ အွန်လိုင်းအချိန်တက်ရောက်မှုစနစ် ဘယ်လို ကွဲပြားကြလဲ။
အဖြေကတော့…
လက်ဗွေစက်ဟာ အချိန်ကြာမြင့်စွာ အလုပ်ချိန်များကို မှတ်တမ်းတင်ရာမှာ အထောက်အကူဖြစ်ခဲ့ပါတယ်။ လက်ရှိမှာ ဝန်ထမ်းတွေ ရုံးတက်၊ရုံးဆင်းလုပ်ဖို့အတွက် လက်ဗွေစက်ကို အသုံးပြုနေတဲ့ အဖွဲ့အစည်းများစွာ ရှိနေပါသေးတယ်။ ဒါပေမယ့် တစ်ခါတလေမှာ စက်ကို အများကြီးအသုံးပြုတဲ့အခါ ပျက်သွားတတ်သလို စနစ်လည်း အလုပ်မလုပ်နိုင်တော့ပါဘူး။။ ဒါကြောင့် အွန်လိုင်းအချိန်မှတ်တမ်းတင်စနစ် (Online Time Attendance System)ကို ရွေးချယ်ခြင်းဟာ ရွေးချယ်မှုကောင်းတစ်ခုလည်းဖြစ်လာပါတယ်။
Online Time Attendance System ကို အသုံးပြုပြီး ဝန်ထမ်းတွေရဲ့ ရုံးတက်၊ရုံးဆင်းချိန်ကို မှတ်တမ်းတင်ထားမယ်ဆိုရင် အရင်ကထက် အလုပ်လုပ်ရတာ ပိုအဆင်ပြေလာပါမယ်။ ဒါ့ပြင် HR ဌာနရဲ့တာဝန်တွေ လျှော့နည်းသွားအောင် စွမ်းဆောင်ပြီး လုပ်ငန်းလည်ပတ်မှု လွယ်ကူလျှင်မြန် အဆင်ပြေစေချင်တယ်ဆိုရင် ဒီအွန်လိုင်းအချိန်မှတ်တမ်းတင်စနစ် (Online Time Attendance System) ကို ရွေးချယ်ခြင်းဟာ ရွေးချယ်မှုကောင်းတစ်ခု ဖြစ်လာမည် ဖြစ်သည်။
လက်ဗွေစက်ဟာ လုပ်ငန်းသုံးအတွက်သာ အသုံးပြုလို့ရပါတယ်။ ဒါပေမဲ့ အွန်လိုင်းအချိန်မှတ်တမ်းတင်စနစ် (Online Time Attendance System) ဆိုရင်တော့ သင်ဘယ်နေရာမှာပဲရှိနေပါစေ ချက်ချင်းဝင်ရောက် မှတ်တမ်းတင်နိုင်ပါတယ်။
အွန်လိုင်းအချိန်မှတ်တမ်းတင်စနစ် (Online Time Attendance System) ဘယ်လိုအလုပ်လုပ်လဲဆိုရင် ကြန့်ကြာခြင်းမရှိပါဘဲ ပိုပြီးတိကျ မြန်ဆန် မှန်ကန်ပါမယ်။ လက်ဗွေစက်ကို အသုံးပြုမယ်ဆိုရင်တော့ အလုပ်လာလုပ်သူတွေများလာတဲ့အခါ ကြန့်ကြာမှုတွေ ရှိလာနိုင်ပါတယ်။
အွန်လိုင်းအချိန်မှတ်တမ်းတင်စနစ် (Online Time Attendance System) ကို သုံးဖို့ ပိုက်ဆံကုန်စရာ မလိုပါဘူး။ ဒါပေမယ့် လက်ဗွေစက်ကို သုံးမယ်ဆိုရင်တော့ စက်ကိုအရင်ဝယ်ယူရမယ့်အတွက် ကုန်ကျစရိတ် ရှိပါတယ်။
နှစ်ခုစလုံးက အလုပ်ချိန် အဝင် ၊ အထွက် တို့ကို ရှင်းရှင်းလင်းလင်း သတ်မှတ်နိုင်ပါတယ်။ ဒါပေမဲ့ အွန်လိုင်းအချိန်မှတ်တမ်းတင်စနစ် (Online Time Attendance System) က သင်အနားယူရမယ့်အချိန် ဒါမှမဟုတ် အလုပ်နောက်ကျရတဲ့အကြောင်းအရင်းကို မှတ်သားထားနိုင်ပါတယ်။
သို့သော်လည်း မည်သည့်အချိန်မှတ်တမ်းတင်စနစ်ကို အသုံးပြုမလဲဆိုတာကတော့ အဖွဲ့အစည်းတစ်ခုစီတိုင်း အပေါ် မူတည်ပါတယ်။ လက်ဗွေစက် ရော အွန်လိုင်းအချိန်မှတ်တမ်းတင်စနစ် (Online Time Attendance System) ရောဟာ ဆင်တူတဲ့အတွက်ကြောင့် စည်းကမ်းချက်များအရ ရွေးချယ်လျှင် အွန်လိုင်းအချိန် မှတ်တမ်းတင်စနစ် (Online Time Attendance System) ကို ရွေးချယ်မယ်ဆိုရင်တော့ ပိုကောင်းပါတယ်။
ယနေ့အချိန်ထိ လက်ဗွေစက်များဟာ 2023 ခုနှစ်အတွက် လုပ်ငန်းခွင်တွေမှာ ရေပန်းစားနေဆဲ ဖြစ်ပါတယ်။ သို့သော် စနစ်နှောင့်နှေးမှုများကြောင့် အချို့အဖွဲ့အစည်းများမှာ အချိန်ကြန့်ကြာမှုတွေ ရှိနိုင်ပါသေးတယ်။ အွန်လိုင်းအချိန်မှတ်တမ်းတင်စနစ် (Online Time Attendance System) ကား ပိုအဆင်ပြေတာတွေ ရှိတယ်လို့ ပြောလိုပါတယ်။ အချိန်တိကျစွာ မှတ်တမ်းတင်လိုသော အဖွဲ့အစည်းကြီးများအတွက် သင့်လျော်ပါတယ်။ လစာစာရင်းများကို ကြည့်ရှုခြင်းကဲ့သို့သော နည်းလမ်းများစွာဖြင့်လည်း အသုံးပြုနိုင်ပါတယ်။ သင့်ရဲ့နေ့စဉ်အလုပ်တွေကိုလည်း မှတ်တမ်းတင်နိုင်သည်။
အောက်တွင်ရှိသော လင့်ခ်ကိုနှိပ်ပြီး မှတ်ပုံတင်ကာ အွန်လိုင်းအချိန်မှတ်တမ်းတင်စနစ် (Online Time Attendance System) ဖြစ်တဲ့ Jarviz app ကို အခမဲ့ အသုံးပြုနိုင်ပါပြီ။














